Posts

သေဘာထား

Image
Qoute of the day "တပ်ချုပ် ပြောတဲ့ စကားလေးတခွန်း ကြိုက်တယ်။ ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲတယ်တဲ့။ ဒါပေမယ့် တိုင်းပြည် နစ်နာမှာနဲ့ ပြည်သူနစ်နာမှာ နဲ့ တပ်မတော်ရဲ့ အနာဂတ် ပျက်စီးမှာတို့ ဘာတို့ပဲ ကျနော် အကုန်လုံးကို စောင့်ပြီး ကြည့်နေတာတဲ့” - ဦးကျော်စွာစိုး(တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) ဧရာဝတီ သတင်းဌာန နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် ရေးသားသည့် "ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖို့ အတိုက်အခံပါတီများ သွားပြော"သတင်းမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်တွေ့ဆုံသော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည့် မှတ်ချက်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
Image
Han Gyi 5d အင်းဝခေတ် နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ဆီကို စစ်ကိုင်းက ကိုရင်လေးတပါး လာပါတယ်။ ဘုရားရှိခိုးတယ်။ သင့်လျော်တဲ့နေရာမှာထိုင်တယ်။ ဆရာတော်ဦးဗုဓ်က လုံးဝ မကြည့်ဘူး။ သူ့စာသူ ဖတ်နေတာ၊လုံးဝ ဂရုမပြုဘူး။ ကြာလာတော့ ကိုရင်လေးက ပြောတယ် x" မြတ်စွာဘုရားကို သတိရလိုက်တာ"....တဲ့။ ဆရာတော်ဦးဗုဓ် နည်းနည်းတွန့်သွားတယ်။ ဂရုမပြုလို့ မဖြစ်တော့ဘူး။ မြတ်စွာဘုရားဆိုတဲ့အသံကို ကြားလိုက်တာကိုး။ ကိုရင်က ဆက်ပြောတယ်... x"မြတ်စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်ကို မသိတဲ့ ကျောင်းတိုက်ကို ရောက်တဲ့အခါ အာဂန္တုတွေ အနေရခက်တယ်လို့ မိန့်တော်မူခဲ့တာ မှန်လိုက်တာ...."တဲ့။ x ဘုရားဒေသနာအတိုင်း ကျောင်းနေရဟန်းဝတ် ပြောတာကို ဆရာတော်ဗုဓ်ကြားတော့... ပြာပြာသလဲ "ထိုင်ပါကိုရင် ထိုင်ပါ ခု ငါမေးပါတယ်ကွာ ကိုရင့် ဘွဲ့အမည်က ဘယ်လိုခေါ်လဲ ဘာကိစ္စနဲ့ ကြွလာသလဲ" ပေါ့.. ဖြစ်ရော။ ကိုရင်ကလျှောက်တယ် x"အရှင်ဘုရားက ဝိနည်း,သုတ္တန်,အဘိဓမ္မာတွေကို အာဂုံရွတ်ဆိုရင် နှစ်သက်တယ်ပြောလို့ စာလာပြန်တာပါဘုရား"လို့ လျှောက်တော့ x"ကြွပါကိုရင်" ဆိုပြီး ချက်ချင်းပဲ နေရာ